ဇာတ်လမ်းအညွှန်း
အောင်မြင်ခဲ့တဲ့ အန်နီမေးရှင်းကို Live-Action အနေနဲ့ ပြန်လည်အသက်သွင်းထားတာပါ။ သမုဒ္ဒရာကြီးရဲ့ ရွေးချယ်တာကို ခံရတဲ့ ကျွန်းသူလေး Moana ဟာ သူ့ရဲ့ ကျွန်းသူကျွန်းသားတွေ ဒုက္ခရောက်နေတာကို ကယ်တင်ဖို့အတွက် Motunui ကျွန်းလေးကနေ အဝေးကြီးကို ရဲရဲဝံ့ဝံ့ စတင်ထွက်ခွာလာပါတယ်။ ခရီးစဉ်တစ်လျှောက်မှာ လေနဲ့ ပင်လယ်ပြင်ကို စိုးမိုးတဲ့ သွေးနှောနတ်ဘုရား ဖြစ်သူ Maui နဲ့ ဆုံတွေ့ပြီးနောက် Te Fiti ရဲ့ နှလုံးသားကို ပြန်လည်ပေးအပ်ဖို့ သမုဒ္ဒရာပြင်ကျယ်ကြီးထဲက အန္တရာယ်ပေါင်းစုံကို အတူတကွ ရင်ဆိုင်ဖြတ်သန်းကြရမယ့် စွန့်စားခန်း ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မူရင်းဇာတ်လမ်းရဲ့ ရင်ခုန်စရာ သီချင်းတွေ၊ ရိုးရာဓလေ့တွေနဲ့ လှပတဲ့ သမုဒ္ဒရာ နောက်ခံအလှအပတွေကို ရုပ်ထွက်အလန်းစားတွေနဲ့ သေသပ်စွာ ပေါင်းစပ်ပြီး အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ Live-Action အဖြစ် တင်ဆက်ထားတာပါ။ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့ မင်းသမီးသစ် Catherine ရဲ့ သရုပ်ဆောင်ချက်တွေရော Dwayne Johnson ရဲ့ အသက်ဝင်လှတဲ့ ကာရိုက်တာတွေကြောင့်ပါ Disney ပရိသတ်တွေနဲ့ မိသားစုလိုက် ရယ်မောပျော်ရွှင်စွာ ခံစားကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
ဇာတ်လမ်းကတော့ အင်ဒိုနီးရှားမြိုတော် ဂျကာတာ မှာ နေထိုင်ကြပြီး နေ့စဉ်ဘဝ ရုန်းကန်နေရတဲ့ လူငယ်သူငယ်ချင်း သုံးယောက်ဖြစ်တဲ့ ကာတိုနို အာဂတ်စ်နဲ့ မာမိုးရ်တိုအကြောင်းကနေ စတင်ထားပါတယ်။ သူတိုသုံးယောက်လုံးဟာ အလုပ်အကိုင်မရှိဘဲ ငွေကြေးအကျပ်အတည်း ဖြစ်နေချိန်မှာ... လူသူဝေးလံတဲ့ ကျေးလက်ရွာကလေးတစ်ခုမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုကနေ လစာအဆမတန် ကောင်းတဲ့ အလုပ်ခေါ်စာကို မထင်မှတ်ဘဲ တွေ့ရှိသွားခဲ့ပါတယ်။ ဒါကို အခွင့်အရေးကြီးလို ထင်မှတ်ပြီး သူတိုသုံးဦးဟာ ဝမ်းသာအားရနဲ့ အဆိုပါ ဝေးလံခေါင်ဖျားတဲ့ ရွာကလေးဆီ ထွက်ခွာလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဆိုင်ကို ရောက်ပြီး အလုပ်လုပ်တဲ့အခါမှာတော့... ဆိုင်ရဲ့ စည်းကမ်းချက်တွေက ထူးဆန်းလွန်းနေပြီး လာရောက်စားသောက်ကြတဲ့ ဖောက်သည်တွေကလည်း လူသားတွေ ဟုတ်၊ မဟုတ် သံသယဝင်စရာတွေ ဖြစ်လာပါတော့တယ်။ ဆိုင်ရှင်ရဲ့ ကန့်လန့်ကာနောက်ကွယ်က လျှိဝှက်ချက်တွေ၊ ဆိုင်ရောင်းကောင်းအောင် အောက်လမ်းနည်း "Pocong"နဲ့ (အင်ဒိုနီးရှားရိုးရာ အဝတ်ဖြူပတ် ရုပ်အလောင်းသရဲ) တွေကို အသုံးပြုထားတဲ့ အောက်လမ်းအတတ်တွေကို တဖြည်းဖြည်း သိရှိသွားတဲ့အခါ...
ဇာတ်လမ်းအညွှန်း
အားလုံးရဲ့ အသဲကျော် မီနီယံတွေ ပြန်လာပါပြီ။ ဒီဇာတ်ကားကတော့ Animation, Adventure နဲ့ Comedy အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Pierre Coffin က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Pierre Coffin, Christoph Waltz, Jesse Eisenberg, Allison Janney နဲ့ Jeff Bridges တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၂၀ ပြည့်လွန်နှစ်တွေရဲ့ ဟောလိဝုဒ် ရုပ်ရှင်ခေတ်ဦးမှာ ဂရူးနဲ့ မဆုံတွေ့သေးခင် မီနီယံအုပ်စုဟာ မတော်တဆရုပ်ရှင်ရိုက်ကွင်းတစ်ခုထဲ ရောက်သွားရင်းကနေ ရုတ်တရက် နာမည်ကြီး မင်းသားတွေ ဖြစ်လာခဲ့ကြရာကနေဇာတ်လမ်းစတာပါ။ ဒါပေမဲ့ အသံပါတဲ့ ရုပ်ရှင်ခေတ် ပြောင်းလဲလာတဲ့အခါ မီနီယံဘာသာစကားပဲ ပြောတတ်တဲ့ သူတို့ဟာ ရုပ်ရှင်လောကကနေ စွန့်ပစ်ခံလိုက်ရပါတော့တယ်။ ဒါကို လက်မလျှော့ချင်တဲ့ James, Henry နဲ့ Ed ဆိုတဲ့ မီနီယံသုံးကောင်ဟာ သူတို့ကိုယ်ပိုင် မကောင်းဆိုးဝါး ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့အတွက် ရှေးဟောင်း ဂါထာစာအုပ်တစ်အုပ်ကို သုံးပြီး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်လိုက်ရာကနေ မထင်မှတ်ဘဲ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် မိစ္ဆာကြီးထွက်ပေါ်လာတဲ့အခါ မီနီယံတွေဟာ ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ဖို့ ပရမ်းပတာ စွန့်စားကြရပါတော့တယ်။
ဇာတ်လမ်းအညွှန်း
Predator ရုပ်ရှင်စီးရီးထဲက အသစ်တစ်ကားလာပါပြီ။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။ အက်ရှင်အသားပေးမို့ တစ်ကားလုံးကြုံးနေကြတာပါပဲ။ ကြည့်လို့အတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။
ဇာတ်လမ်းအညွှန်း
အားလုံးစောင့်မျှော်နေတဲ့ Terminator Genisys ကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီကားအကြောင်းကို အတတ်နိုင်ဆုံး Spoiler မပါအောင်ရေးပေးသွားမှာဖြစ်ပြီ ဇာတ်လမ်းကသိပ်မရှုပ်လို မရှင်းပြတော့ပါဘူးဇာတ်လမ်းမပြောခင်မှာရုပ်ရှင်ထဲကTimeTravelအကြောင်းအနည်းငယ်ရှင်းပြချင်ပါတယ်..Time Travel ဇာတ်လမ်းတွေမှာ Alternate Timeline လိုခေါ်တဲ့ အချိန်တွေထွက်လာပါတယ်။ Comic Book ဖတ်တဲ့သူတွေက ဒီအခေါ်အဝေါ်ကိုရင်းနှီးပြီး ဘာကိုဆိုလိုလည်းဆိုတာ တန်းသိမှာပါ။အနီးစပ်ဆုံးဥပမာပေးရရင် Jet Li ရဲ့ The One ဇာတ်ကားထဲက အယူအဆနဲ့တူတူပါပဲ။Timeline ဆို Facebook က Timeline ပြေးမြင်နေကြလားမသိဘူး။Alternate Timeline ကို လူပိန်းနည်းနဲ့ပြောရရင်Facebook မှာအကောင့် ၂ခု နာမည်တူ ဓါတ်ပုံအတူဖွင့်ထားတဲ့သဘောပါဘူး။
ဇာတ်လမ်းအညွှန်း
ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားပြီးတေ့ာ Journey to the Centre of the Earth နဲ့ ထုတ်လုပ်သူတစ်ဦးတည်း ဇာတ်ကားလည်းဖြစ်ပါတယ်၊ Journey 2 မှာတေ့ာ Sean လို့ ခေါ်တဲ့ကောင်လေး က မြေပုံအတိုင်းထူးဆန်းတဲ့ ကျွန်းကြီးကို သွားရင်းပျောက်ဆုံးသွားတဲ့ သူ့အဖိုးကို ရှာဖို့ ကြိုးစားတဲ့ အကြောင်းရိုက်ကူးထားတာပါ… ဇာတ်လမ်းက ဒီလောက်ပဲ မထူးဆန်းဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ် ပရိသတ်ကြီး….. ဒါပေမယ့် Journey 2: The Mysterious Island ထူးခြားချက်က Visual Effect တွေ အရမ်းကောင်းတာပါ၊ ပရိသတ်တွေကို ဇာတ်ကားရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဒီ Effect တွေနဲ့ ဆွဲဆောင်ပြီး ဇာတ်ကားနောက်ဆုံးထိခေါ်သွားမှာပါ… The Rock ကြီးရဲ့ ဟာသတွေ၊ အက်ရှင်တွေ၊ ရုပ်တည်ကြီးနဲ့ သရုပ်ဆောင်ပုံတွေကို စွဲမက်တဲ့ သူတွေအတွက်တေ့ာ ကြည့်ပြီးရင်တောင် ထပ်ကြည့်ချင်မယ့် ဇာတ်ကားတစ်ကားဖြစ်မယ် ထင်ပါတယ်…
ဇာတ်လမ်းအညွှန်း
ဇွန်ဘီတွေက ရုပ်ရှင်တွေထဲမှာပဲရှိရမှာလေ။ ငါတို့ကျောင်းမှာရှိရမှာမှမဟုတ်တာ" " အားလုံးက ငါတို့ကို စွန့်ပြစ်လိုက်ပြီ။ ငါတို့ကိုကယ်တင်နိုင်တာ ငါတို့ပဲရှိတော့တယ်။" ဘာမျှော်လင့်ချက်မှမရှိတော့ဘူး။ ငါတို့အကုန်လုံးသေမှာပဲ" ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ တစ်ဖက်သက်သဘောကျနေရတဲ့ သူတွေ၊ ချစ်သူရည်းစားတွေ စသည်ဖြင့် အထက်ကျောင်းသားတွေရဲ့ ရင်ခုန်ပျော်ရွှင်စရာကောင်းလှတဲ့ ဒီကျောင်းတော်ကြီးဟာ တစ်နေ့မှာတော့ သွေးပျက်ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဇွန်ဘီကပ်ဆိုးကြီးကြောင့် စစ်မြေပြင်တစ်ခုသဖွယ် သွေးချောင်းစီးခဲ့ရပါတော့တယ်။ကျောင်းသားအများစုဟာလည်း ဇွန်ဘီဗိုင်းရပ်ကူးစက်ခံရပြီး မကောင်းဆိုးဝါးဇွန်ဘီအဖြစ်ပြောင်းလဲလာကြပါတယ်။ ကျောင်းအတွင်းမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူ ကျောင်းသားတစ်စုဟာ ကယ်တင်မယ့်သူမရှိဘဲ ဆိုးဝါးကြောက်လန့်စရာအခြေအနေနဲ့ ရင်ဆိုင်လာရတဲ့အခါ ကိုယ့်အားကိုယ်ကိုးပြီး ဇွန်ဘီတွေလက်က လွတ်မြောက်အောင်ကြိုးစားပုံတွေ၊ ပြန်လည်တိုက်ခိုက်ပုံတွေ၊ အန္တရာယ်ကျရောက်လာတဲ့အချိန်မှာ သူငယ်ချင်းအချင်းချင်းပူးပေါင်းဆောင်ရွက်ကြပုံတွေကို အသက်ရှူဖို့မေ့လောက်အောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ဒီ ဇွန်ဘီဇာတ်လမ်းတွဲရဲ့ထူးခြားချက်တစ်ခုကတော့ ဇွန်ဘီတွေဟာ အရင်ကားတွေထဲကလို နှေးတုံ့နှေးကွေးတွေမဟုတ်ဘဲ လျင်မြန်ဖြတ်လက်တဲ့ ဇွန်ဘီအမျိုးအစားတွေဖြစ်နေတာကြောင့် ကြည့်ရတာပိုအရသာရှိစေမှာပါ။ Netflix ရဲ့ original series ဖြစ်တာကြောင့် သေချာပေါက်ကြမ်းတမ်းလန်ထွက်နေတဲ့ ဒီစီးရီးဟာ အကြမ်းဆုံး အမိုက်ဆုံး ကိုရီးယားဇွန်ဘီဇာတ်လမ်းတွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း - Do You Like Brahms?, Doctor John တို့ထဲက မင်းသားချော "Yoon Chan Young" - Hospital Playlist, School 2021 တို့ထဲက ချစ်စရာမင်းသမီးလေး "Cho Yi Hyun" - Squid Game နဲ့ တစ်ကမ္ဘာလုံးက ပရိတ်သက်တွေရဲ့ အသည်းနှလုံးကို ခြွေယူသွားတဲ့ မင်းသမီး "Lee Yoo Mi" တို့အပြင် Park Ji Hu, Lomon, Yoo In Soo, Lim Jae Hyeok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားနာမည်ကြီး ဝါရင့်မင်းသားကြီး မင်းသမီးကြီးတွေကလည်း ပံ့ပိုးကူညီသရုပ်ဆောင်ပေးထားပါသေးတယ်။ကဲအခုဘဲ အရမ်းမိုက်နေတဲ့ ဇွန်ဘီဇာတ်လမ်းတွဲ All Of Us Are Dead ကိုအတူတူရင်ခုန်လှုပ်ရှားစွာနဲ့ကြည့်ရှုလိုက်ရအောင်ဗျာ။
Shal Play

